洪荃詮

ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်သည် အချိန်နှင့်တစ်ပြေးညီ တိုးတက်မှုရှိ မရှိ ပြန်လည်စိစစ်ရန် လိုအပ်သည်ဟု တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်း ကော်မတီဝင် Margaret Chan ဆို

(GMT+08:00)2021-03-05 19:07:39  

ဟောင်ကောင်မှ မဒမ် Margaret Chan သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ပထမဆုံး တရုတ်လူမျိုး ဖြစ်ပါသည်။ Margaret Chan က ပြီးခဲ့သည့် ၂ နှစ်အတွင်း ဟောင်ကောင်သည် မတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တစ်ပြိုင်တည်း ကြုံတွေ့ခဲ့သဖြင့် ဟောင်ကောင်အစိုးရသည် ကြီးမားသည့် ဖိအားကို ရင်ဆိုင်နေရကြောင်း ပြောကြားသည်။ ၄င်းက ဟောင်ကောင်သည် အလွန် အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပြီး ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်သည် အချိန်နှင့် တစ်ပြေးညီ တိုးတက်မှု ရှိ မရှိ ပြန်လည်စိစစ်ရန် လိုအပ်သည်ဟု ယူဆပါသည်။