洪荃詮

ရှီကျင့်ဖိန်ရဲ့ ဂန္တဝင်စာသားများ-အပိုင်း၈

(GMT+08:00)2021-06-11 22:02:32  

ဂန္တဝင်စာသားထဲက တရုတ်ဉာဏ်
ရှီကျင့်ဖိန်ရဲ့ ဂန္တဝင်စာသားများ
“ရေတွင်းတူးသူဟာ သုံးလက်မ ကျင်းကနေ စတူးပြီး အသူတစ်ရာနက်တဲ့ ချောက်တွင်းအထိ တူးဖော်နိုင်တယ်”
---------------
“ရေတွင်းတူးသူဟာ သုံးလက်မ ကျင်းကနေ စတူးပြီး အသူတစ်ရာ နက်တဲ့ ချောက်တွင်းအထိ တူးဖော်နိုင်တယ်”ဆိုတဲ့ ဂန္တဝင်စာသားက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ကျော်တုန်းက ပေါ်ပေါက်လာတဲ့စကားဖြစ်ပြီး အဓိပ္ပါယ်ကတော့ လူတွေက ဇွဲရှိရှိကြိုးပမ်းဆောင်ရွက်ရင် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်နိုင်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ရှီကျင့်ဖိန်က ဆင်းရဲမှု ပပျောက်ချင်ရင် ပညာရေးကို အရင် ထောက်ပံ့ရမယ်လို့ ကြိမ်ပေါင်းများစွာ အလေးထား ပြောခဲ့ဖူးပါတယ်။ ဆင်းရဲတဲ့ဒေသများရှိ ကလေးများရဲ့အနာဂတ်ကို လင်းလက်စေရေး ဖြစ်စဉ်ဟာ ရေတွင်း တူးသလိုပါပဲ။ ပညာရေး ကောင်းမွန်အောင် ပြုလုပ်ခြင်းဟာ တရုတ် ဆင်းရဲမှု ပပျောက်ရေးအတွက် သော့ချက်ကျတဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ဆင်းရဲမှု ပပျောက်ရေးအတွက် ပညာရေးနယ်ပယ်မှာ တရုတ်နိုင်ငံက ဘယ်လို ကြိုးပမ်း ဆောင်ရွက် ခဲ့သလဲ၊ အဖြေကို သိချင်ရင် အောက်က ဗီဒီယိုလေးကို ကြည့်ကြရအောင်။