鄒立瑩

တတိယအကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်ကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား ယနေ့ ကျင်းပ

(GMT+08:00)2021-11-29 13:38:33  

တတိယအကြိမ်မြောက် တရုတ်-ရုရှား စွမ်းအင်ကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၂၉ ရက်နေ့) ညနေပိုင်းတွင် ဘေကျင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ ယင်းဖိုရမ်ကို အွန်လိုင်းနှင့် အော့ဖ်လိုင်းပုံစံဖြင့် ဘေကျင်းမြို့နှင့် မော်စကိုမြို့၌ အသီးသီး ကျင်းပမည်ဖြစ်သည်။ တရုတ်ပြည် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းအရ ယခုနှစ် တရုတ်နှင့် ရုရှား သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ လျှပ်စစ် ကုန်သွယ်မှုပမာဏသည် တည်ငြိမ်စွာ တိုးမြင့်ကာ တရုတ်နိုင်ငံ စွမ်းအင်ထောက်ပံ့ရေး အာမခံပေးမှုအတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။