鄒立瑩

တရုတ်-လာအိုရထားလမ်းတွင် လည်ပတ်မည့် ဘူတာရုံ ၂၅ ခု အဆင်သင့်ဖြစ်ပြီ

(GMT+08:00)2021-11-29 13:41:20  

တရုတ်-လာအို ရထားလမ်းတစ်လျှောက် အသစ်ဖောက်သည့် ဘူတာရုံ ၅၀ ရှိပြီး ၄င်းအနက် တရုတ်ပိုင်းတွင် အသစ်ဖောက်သည့် ဘူတာရုံ ၁၈ ခု ရှိကြောင်း၊ လက်ရှိအချိန် တရုတ်-လာအိုရထားလမ်းတွင် လည်ပတ်မည့် ဘူတာရုံ ၂၅ ခု အဆင်သင့် ရှိပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

တရုတ်ရထားလမ်း ကူမင်းဦးစီးဌာန တောင်ယူနန်ရထားလမ်း၊ လမ်းဖောက်ခြင်း ကွပ်ကဲမှု ဌာန ဒုဌာနမှူးမာယိုလျန်သည် တရုတ်-လာအိုရထားလမ်းတစ်လျှောက်တွင် ဘူတာရုံမတူ၊ ရှုခင်းမတူသည့် တိုင်းရင်းသားနှင့် ဒေသခံယဉ်ကျေးမှုများကို ပြသ ထားကြောင်း၊ ခရီးသည်များ၏ ခရီးစဉ်အဆင်ပြေစေရန် ဘူတာရုံ ပလက်ဖောင်းနှင့် စောင့်ဆိုင်းခန်း များတွင် တရုတ်နှင့် လာအိုနှစ်နိုင်ငံဘာသာစကားဖြင့် ရေးသားပြီး ဝန်ထမ်းများသည် နေ့စဉ်သုံး တရုတ်နှင့် လာအိုဘာသာစကား ပြောဆိုတတ်ကြကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရ သိရပါသည်။