鄒立瑩

လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ စတုတ္ထလှိုင်း ကြုံလာနိုင်ဖွယ်ရာရှိဟု တောင်အာဖရိက သမ္မတ ဆို

(GMT+08:00)2021-11-29 13:41:47  

လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ စတုတ္ထလှိုင်းကို ကြုံလာနိုင်ဖွယ်ရာ ရှိသဖြင့် ပြည်သူများအနေနှင့် တတ်နိုင်သမျှ ကာကွယ်ဆေးထိုးသင့်ကြောင်း တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာက ယခုလ ၂၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုနေ့ညပိုင်းက ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၌ ရာမာဖိုဆာက ပြီးခဲ့သည့် ၇ ရက်တွင် အသစ်တိုးလာသည့် ကိုဗစ်-၁၉ အတည်ပြုရောဂါသည်၏ နေ့စဉ်ပျမ်းမျှ အရေအတွက်သည် ယခင်အပတ်က ၅၀၀ ခန့်မှ ၁၆၀၀ အထိသို့ တိုးလာခဲ့ကြောင်း၊ ယင်းအခြေအနေ ဆက်လက်ရှိနေပါက လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း တောင်အာဖရိကနိုင်ငံသည် ကိုဗစ်-၁၉ စတုတ္ထလှိုင်းကို ကြုံလာနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။