鄒立瑩

အင်ဒိုနီးရှားသို့လာရောက်သည့် လူများ၏ သီးခြားခွဲထားချိန်ကာလကို တိုးမြှင့်မည်ဟု အင်ဒိုကျန်းမာရေးဝန်ကြီးဆို

(GMT+08:00)2021-11-29 13:40:21  

အာဖရိကနိုင်ငံအချို့တွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ပြန့်နှံ့မှု ကို ရင်ဆိုင်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံခြားခရီးသွားလာရေးဆိုင်ရာ ပေါ်လစီသစ်ကို ချမှတ်ခဲ့ပါသည်။ ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်သည့် လူများ၏ သီးသန့်ခွဲထားရမည့် အချိန်ကာလကို  ၃ ရက်မှ ၇ ရက်အထိ တိုးမြှင့်မည်ဟု အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး ဘူဒီက ထုတ်ပြန် ကြေညာခဲ့ပါသည်။

တောင်အာဖရိက၊ ဘော့ဆွာနာ၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ လီဆိုသို၊ မိုဇမ်ဘစ်၊ အယ်စ်ဗါတီ၊ မော်လဝီ၊ အင်ဂိုလာနှင့် ဇမ်ဘီယာစသည့်နိုင်ငံများမှ ခရီးသည်များကို အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ခွင့်မပြုကြောင်း သတင်းရရှိပါသည်။