鄒立瑩

ကိုရိုနာဗိုင်းရပ်စ် Omicron မျိုးကွဲ၏ ကူးစက်နိုင်မှုနှင့် ရောဂါဖြစ်စေနိုင်မှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ သုတေသနပြု

(GMT+08:00)2021-11-29 13:42:15  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းအရ ကိုရိုနာဗိုင်းရပ်စ် Omicron မျိုးကွဲ လျင်မြန်စွာ ရုတ်ခြည်း ပြောင်းလဲခြင်းသည် ၄င်း၏ ကူးစက်နိုင်စွမ်းနှင့် ရောဂါဖြစ်စေမှုအပေါ် ထိခိုက်စေနိုင်ဖွယ်ရာ ရှိကြောင်း၊ သို့သော်လည်း Omicron မျိုးကွဲသည် အခြားမျိုးကွဲထက် ပိုမိုများပြားသော ကူးစက်နိုင်မှု ရှိမရှိ၊ ပိုမိုပြင်းထန်သော ရောဂါဖြစ်စေနိုင်မှု ရှိမရှိ မသိသေးကြောင်း သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Omicron မျိုးကွဲကြောင့် ကိုဗစ်-၁၉ရောဂါ ထပ်မံ ကူးစက် ခံရသောအန္တရာယ် တိုးများလာနိုင်ဖွယ်ရာရှိကြောင်း၊ သို့သော်လည်း အချက်အလက် ပြည့်ပြည့်စုံစုံ မရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များနှင့်အတူ လက်ရှိကာကွယ်ဆေး၏ ထိရောက်မှုနှင့် ဗိုင်းရပ်စ် စစ်ဆေးမှု အပေါ် Omicron မျိုးကွဲ၏ ဂယက်ရိုက်ခတ်မှုကို သုတေသနပြုနေကြကြောင်း မကြာမီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။