• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Xuminxia(မေကြော့ရှင်း)

(GMT+08:00) 2011-09-06 15:02:10

ကျွန်မရဲ့မြန်မာနာမည်က မေကြော့ရှင်းလို့ခေါ်ပါတယ်။ မေကြော့ရဲ့ဘ၀လမ်းစဉ်မှာ တဆက်တည်းဆိုသလို မြန်မာစကား မြန်မာလူမျိုးနဲ့ ရေစက်ပါတယ်ဆိုရင် မမှားပါဘူး။ မေကြော့က ပီကင်းတက္ကသိုလ်မှာ မြန်မာဘာသာကို ငါးနှစ်ကြာ သင်ယူပြီးနောက် စီအာအိုင်မြန်မာပိုင်းအစီအစဉ်မှာ ဘာသာပြန် အသံလွှင့်အလုပ်လုပ်ခဲ့ရတာ နှစ်ပေါင်း ၂၀-ကျော်ရှိပါပြီ။ အဲဒီကြားထဲမှာ ရန်ကုန်မြို့နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာဘာသာ စကားကို တစ်နှစ်ကြာ သင်ယူလေ့လာခဲ့ဖူးတယ်။ အခုဆိုရင် သောကြာနေ့ ထွေရာ လေးပါးအစီအစဉ်တစ်ခုကို အလှမယ်မြင့်မြတ်နဲ့အတူ သောတရှင်များအတွက် တပျော် တပါးတင်ဆက်နေပါတယ်။ အဲဒီအစီအစဉ်မှာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ထူးထူး ဆန်းဆန်းသတင်းများရော၊ ကိုယ်အနီးအနားမှာ ဖြစ်ပွားနေတဲ့ စိတ်ဝင်စားဘို့ကောင်းတဲ့ ကိစ္စရပ်တွေရော အကြောင်းအရာအမျိုးမျိုးကို ရှာဖွေတင်ဆက်ထားလို့ သောတရှင်များ အထူးကို စိတ်ပါဝင်စားမယ်လို့ မေကြော့တို့က ယုံကြည်မျှော်လင့်နေပါတယ်။

မေကြော့ရဲ့ဇာတိရပ်ရွာက ပင်လယ်ကမ်းရိုးတန်းရှုခင်းသာမြို့ကလေးတစ်ခုဖြစ် ပါတယ်။ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်။ ရှုခင်းသာနေရာများနဲ့ စားကောင်းသောက်ဖွယ်ရာများအပေါ် ၀ါသနာပါသူတစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်မှာ အရသာအရှိဆုံးသောအစားအစာကို မဲပေးရမယ်ဆိုရင် မေကြော့က ငပိကျော်ကိုပဲ ပြတ်ပြတ်သားသားမဲပေးမယ်။

 

   Webradio