• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ

(GMT+08:00) 2017-03-25 16:45:37

ယခုလ ၂၅ ရက်နေ့တွင် တရုတ် ဟိုင်နန်ပြည်နယ် ပိုအော်မြို့၌ ၂၀၁၇ခုနှစ် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ ခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ပိုအော်အာရှဖိုရမ် တည်ထောင်ခဲ့သည့် ၁၆ နှစ်အတွင်း၊ အာရှ ရပ်တည်ချက်ဖြင့် ကမ္ဘာကြီးကို မျက်နှာမူကာ အာရှ သဘောတူညီမှု စုစည်းရေး၊ အာရှ ပူးပေါင်း ဆောင်ရွက်မှု တွန်းအားပေးရေးနှင့် အာရှ သြဇာညောင်းမှု မြင့်တင်စေရေး နယ်ပယ်များတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခဲ့ကြောင်း ဖေါ်ပြထားပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီး ချုပ် ကျန်းကောလိသည် ယင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး "စီးပွားရေး တပြေးညီဖြစ်စဉ်ကို လက်တွဲ တွန်းအားပေးပြီး ကောင်းမွန်သော အာရှနှင့် ကမ္ဘာ့ အနာဂတ်ရေးကို အတူတကွ ဖန်တီးပေးကြစို့" ခေါင်းစဉ်ဖြင့်  မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio