• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Carrie Lam Cheng Yuet-ngor ပဉ္စမမြောက်ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးအဖြစ်အရွေးခံရ

(GMT+08:00) 2017-03-26 16:33:06

မတ်လ၂၆ရက်နေ့က Carri Lam Cheng Yuet-ngorသည် မဲ၇၇၇မဲရရှိပြီး ပဉ္စမမြောက်ဟောင်ကောင်အထူးအုပ်ချုပ်ရေးအုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံရသည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။

ထိုနေ့တွင်ပင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအုပ်ချုပ်ရေးမှူး လျန်ကျင့်ယင်းက ယင်းနှင့်ပတ်သက်၍မိန့်ခွန်းပြောကြားခဲ့ရာ Carrie Lam Cheng Yuet-ngor ပဉ္စမဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးအဖြစ်အရွေးခံရခြင်းအပေါ် ထောပနာပြုပြီး ယနေ့တွင်ပင် ဗဟိုပြည်သူ့အစိုးရအား ရွေးကောက်ပွဲရလဒ်ကို တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

ထို့အပြင်  ဟောင်ကောင်ဆိုင်ရာတရုတ်ဗဟိုအစိုးရဆက်သွယ်ရေးရုံးတာဝန်ရှိသူနှင့် တရုတ်နိုင်ငံတော်ကောင်စီဟောင်ကောင်နှင့်မကာအိုရေးရာရုံး၏ပြောရေးဆိုခွင့်ရှိသူတို့သည် Carrie Lam Cheng Yuet-ngor ပဉ္စမမြောက်ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးအဖြစ်အရွေးခံရခြင်းနှင့်ပတ်သက်၍ အသီးသီးမိန့်ခွန်းပြောကြားခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

 

   Webradio