• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်းယန်သည်၊ နီပေါဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-03-27 10:10:55

      တရတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်းယန်သည်၊ ယခုလ ၂၆ ရက်နေ့က ပီကင်းတျောက်ယွီထိုင်-နိုင်ငံတော်ဧည့်ဂေဟာ၌ နီပေါနိုင်ငံဝန်ကြီးချုပ် ပရာချမ်ဒါနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ဝမ်းယန်က၊ တရုတ်ပြည်အနေနှင့်၊ တရုတ်-နီပေါဆက်ဆံမှုကို အလွန်အရေးထား ပြီး၊ နီပေါအား OBOR လက်တွေ့တည်ဆောက်ရေးပူးပေါင်းဆောင်ရွက်မှု အရေးကြီး မိတ်ဖက် အဖြစ် သဘောထားကြောင်း၊ နီပေါနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့ရရှိခဲ့ကြသည့် သဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ပြီး၊  အပြန်အလှန်ဆက်သွယ်ရေး၊ ကုန်သွယ် ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလာရေးစသည့်နယ်ပယ်များတွင် အားဖြည့်ပူးပေါင်း ဆောင်ရွက်ပြီး၊ တရုတ်-နီပေါဆက်ဆံမှုတစ်ဆင့်တက်ဖွံ့ဖြိုးရန်အတွက် တွန်းအားပေးလို ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio