• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Lam Cheng Yuet-ngor သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး အဖြစ် အရွေးခံရ

(GMT+08:00) 2017-03-27 10:12:09

Lam Cheng Yuet-ngor သည် ယခုလ ၂၆ ရက်နေ့က ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ၅ ဦးမြောက် အုပ်ချုပ်ရေးမှူး အဖြစ် အရွေးခံခဲ့ရကြောင်း တရုတ် ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။

Lam Cheng Yuet-ngor သည် ဟောင်ကောင်၌ မွေးဖွါးခဲ့သူ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က စပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရ လူမှု သက်သာချောင်ချရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အိမ်ခြံမြေ စီမံခန့်ခွဲရေး ဦးစီးဌာန အမြဲတမ်း အတွင်းရေးမှူးချုပ်၊ လန်ဒန်ရှိ စီးပွါးကုန်သွယ်ရေးရုံး ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာ ဦးစီးဌာန အမြဲတမ်း အတွင်းရေးမှူးချုပ်နှင့် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ရှေ့ဆင့်နောက်ဆင့် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ယခုနှစ် ဇန်နဝါရီလက Lam Cheng Yuet-ngor သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ၅ ဦးမြောက် အုပ်ချုပ်ရေးမှူး အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဟု ကြေညာခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် ပထမဦးဆုံးသော ဟောင်ကောင် အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်ကြောင်း၊ ၄င်း၏ တာဝန်သက်တမ်းသည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဖြစ်ကြောင်း သိရပါသည်။

လာမည့် ငါးနှစ်အတွင်း Lam Cheng Yuet-ngor သည် သွေးစည်းညီညွတ်ရေး၊ စီးပွါးရေး တိုးတက်ရေးနှင့် ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ရေး စသည့် တာဝန်များနှင့် ရင်ဆိုင်နေရမည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ယူဆကြပါသည်။

   Webradio