• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်နှင့် ပိုမို ရင်းနှီးသော ဆက်ဆံမှု ထားရှိနိုင်ရန် မျှော်လင့်ဟု ဒူတာတယ် ဆို

(GMT+08:00) 2017-03-27 10:40:10

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်က၊ ဖိလစ်ပိုင်သည် တရုတ်နိုင်ငံနှင့် ပိုမို ရင်းနှီးသော ဆက်ဆံမှု ထားရှိလိုသည်ဟု ယခုလ ၂၆ ရက်နေ့က ပြောကြားခဲ့ကြောင်း ဂလိုဘယ်လေဇေးရှင်း ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။

ဘူကီနွန်ပြည်နယ် မာလာဘာလာမြို့ ကာမူလန် ပွဲတော် အခမ်းအနား တက်ရောက် ရာတွင် ဒူတာတယ်က၊ တရုတ်နိုင်ငံသည် မိမိတို့၏ အိမ်နီးချင်း ဖြစ်ကြောင်း၊ မိမိသည် တရုတ်နိုင်ငံနှင့် မိတ်ဆွေဖြစ် ဆက်ဆံလိုပြီး ကုန်သွယ်မှု ပြုလုပ်လိုပါကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင် တိုးတက်ရေးအတွက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဖိလစ်ပိုင် ကုန်သွယ်ရေး သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

   Webradio