• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာဆိုင်ရာ လုံခြုံရေးကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်

(GMT+08:00) 2017-04-29 16:13:25

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်၊ ယခုလ ၂၈ ရက်နေ့က၊  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာဆိုင်ရာ ဝန်ကြီးအဆင့် အိုးပင်းအစည်းအဝေးသို့ တက်ရောက်ပြီး၊ တရုတ်ကိုယ်စား မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင်ကဖော်ပြခဲ့သည်။

ဝမ်ယိက၊ကိုးရီးယားကျွန်းဆွယ်အခြေအနေတစ်နေ့တခြားပြင်းထန်လာနေသော ကြောင့်၊ နိုင်ငံတကာမိသားစုကြီးက အာရုံစိုက်နေကြကြောင်း၊ သက်ဆိုင်ရာဘက်များ အနေနှင့်၊ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ အဆိုပြုချက်များကို တင်းကြပ်စွာ လိုက်နာရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio