• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိုင်အက်စ် တိုက်ဖျက်ရာ၌ အရပ်သူအရပ်သား ၃၅၂ ဦးထက်မနည်း သေဆုံးသည်ဟု အမေရိကန် ဆို

(GMT+08:00) 2017-05-01 08:33:19

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက၊ အမေရိကန် ဦးစီးပြုလုပ်သော အိုင်အက်စ် အစွန်းရောက်အဖွဲ့အား တိုက်ဖျက်ရေး စစ်ရေးဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ်က စတင် ပြုလုပ် ခဲ့သည့်နောက်ပိုင်း အရပ်သူအရပ်သား ၃၅၂ ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့က ဖေါ်ပြခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာ တစ်ရပ်တွင်၊ ၂၀၁၄ ခုနှစ် သြဂုတ်လ မှ ၂၀၁၇ ခုနှစ် မတ်လ အထိ၊ အမေရိကန် ဦးစီးသော နိုင်ငံစုံ မဟာမိတ်အဖွဲ့သည် အီရတ်နှင့် ဆီးရီးယား၌ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၂ သောင်းကျော် ပြုလုပ်ခဲ့ရာ အရပ်သူအရပ်သား ၃၅၂ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု ရေးသား ဖေါ်ပြထားပါသည်။

   Webradio