• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိုင်အက်စ် လက်နက်ကိုင် ၅၄ ဦးကို ပစ်သတ်သည်ဟု အီရတ် စစ်ဘက် ဆို

(GMT+08:00) 2017-05-01 08:34:40

အီရတ် တပ်ဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုနှင့် အခြား စစ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ အိုင်အက်စ် အစွန်းရောက် လက်နက်ကိုင် အနည်းဆုံး ၅၄ ဦးကို ပစ်သတ်ခဲ့ကြောင်း အီရတ် စစ်ဘက်က ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အီရတ် ပူးတွဲဆောင်ရွက်မှု ဦးစီးဌာန၏ ကြေညာချက် တစ်ရပ်တွင်၊ အီရတ် လေတပ်သည် အနောက်ပိုင်းဒေသရှိ ဆီးရီးယားနှင့် နယ်နမိတ်ချင်း ဆက်စပ်သော ဂါအီမ် မြို့နယ်ရှိ အိုင်အက်စစ်အဖွဲ့ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဂါအီမ် မြို့နယ် အနီးတဝိုက်ရှိ ကားဗုံး ထုတ်လုပ်ရေးနေရာ တစ်ခုကိုလည်း ဖြိုခွင်းခဲ့ကြောင်း ရေးသား ဖေါ်ပြထားပါသည်။

   Webradio