• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စော်ဒီအရေးဗျသည် အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ သင်္ကာမကင်းသူ ၄၆ ဦးကို ဖမ်းဆီး

(GMT+08:00) 2017-05-01 08:52:12

စော်ဒီအရေးဗျ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ ဆော်ဒီ ရဲဘက်သည် မကြာမီက အကြမ်းဖက် တိုက်ခိုက်မှု ဆိုင်ရာ သင်္ကာမကင်းသူ ၄၆ ဦင်္းကို ဖမ်းဆီးခဲ့ကြောင်း၊ ၄င်းတို့သည် လွန်ခဲ့သည့်နှစ်က မာဒီနာမြို့နှင့် ဂျက်ဒါမြို့တွင် အသေခံ ဗုံးဖေါက်ခွဲမှုတွင် ပါဝင်ဆင်နွှဲခဲ့သည်ဟု သံသယ ရှိကြောင်း ဧပြီလ ၃၀ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

လွန်ခဲ့သည့်နှစ် ဇူလိုင်လက မာဒီနာမြို့တွင် အသေခံ ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ပြီး ရဲ ၂ ဦးနှင့် ဗုံးဖေါက်ခွဲသူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ဂျက်ဒါမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးနှင့် မဝေးသည့်နေရာတွင်လည်း အသေခံဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ရာ ရဲ ၂ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio