• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကျောက်မီးသွေး အလွန်အကျွံထုတ်လုပ်မှု ပြဿနာ ဖြေရှင်းရေး စနစ်တကျ လုပ်ဆောင်နေ

(GMT+08:00) 2017-05-01 09:20:14

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ သတင်းအရ၊ ယခုနှစ် တရုတ်ပြည် ကျောက်မီးသွေး အလွန်အကျွံ ထုတ်လုပ်မှု ပြဿနာ ဖြေရှင်းရာတွင် တာဝန် ရည်မှန်းချက် အရပ်ရပ်ကို အကောင်အထည် ဖေါ်ဆောင်သည့် တစ်ချိန်တည်းတွင်၊ ကျောက်မီးသွေး ဖြန့်ဖြူးမှုနှင့် ဈေးနှုန်း တည်ငြိမ်မှု ကိစ္စရပ်များကိုလည်း တပြိုင်တည်း စီမံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ ကြီးကြပ်ရေးလုပ်ငန်းကို ဆက်လက် အားဖြည့်ဆောင်ရွက်ရန်နှင့် သန့်စင် စွမ်းအင် ဖေါ်ထုတ် အသုံးပြုရေးကို တွန်းအားပေးရန်လည်း ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio