• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိမ်ဖြူတော် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်း မူဝါဒရုံး တည်ထောင်ရန် ထရမ့် အမိန့်ထုတ်ပြန်

(GMT+08:00) 2017-05-01 11:21:32

အမေရိကန် သမ္မတ ထရမ့်သည် ဧပြီလ ၂၉ရက်နေ့က အမိန့်ထုတ်ပြန်ရာ အိမ်ဖြူတော် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်း မူဝါဒရုံး တည်ထောင်ပြီး အမေရိကန်၏ လက်ရှိ ကုန်သွယ်ရေး သဘောတူ စာချုပ်မှန်သမျှကို ဘက်စုံစိစစ်ရန် ဆုံးဖြတ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအမိန့်တွင် အိမ်ဖြူတော် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်း မူဝါဒရုံး၏ လုပ်ငန်းတာဝန်မှာ အမေရိကန် အလုပ်သမားများနှင့် အမေရိကန် ပြည်တွင်း ကုန်ထုတ် လုပ်ငန်းများ၏ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ပေးရန်၊ စီးပွားရေး တိုးတက်မှု တွန်းအားပေးရေး၊ ကုန်သွယ်ရေး လိုငွေပြမှု လျှော့ချရေး၊ အမေရိကန် ကုန်ထုတ် လုပ်ငန်းနှင့် နိုင်ငံတော် ကာကွယ်ရေး စက်မှုလုပ်ငန်း၏ အခြေခံအုတ်မြစ် ခိုင်မာစေရေးနှင့် ပတ်သက်၍ သမ္မတထံ မူဝါဒ ဆိုင်ရာ အကြံပေးချက်များကို တင်ပြရန် ဖြစ်ကြောင်း သိရသည်။

 

   Webradio