• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အဆင့်မြင့် မောင်းသူမဲ့လေယာဉ် လက်တင်အမေရိက ဈေးကွက် ဝင်ရောက်

(GMT+08:00) 2017-05-01 11:22:05

မကြာခင်က ဘရာဇီး နိုင်ငံ São Pauloမြို့ အစိုးရက အရေးပေါ် အခြေအနေကို ရင်ဆိုင်နိုင်စွမ်း တိုးမြှင့်ရန် အတွက် တရုတ်ပြည် Dahua Technology ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် အဆင့်မြင့် မောင်းသူမဲ့လေယာဉ်၊ ဆောင်ယူရလွယ်ကူသည့် မိုဘိုင် ကြီးကြပ်ထိန်းချုပ်ရေး ကိရိယာများကို ဝယ်ယူတင်သွင်းမည် ဖြစ်ကြောင်း ကြေညာခဲ့ သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် တရုတ်ပြည်ထုတ် အဆင့်မြင့် မောင်းသူမဲ့ လေယာဉ် ဘရာဇီး အစိုးရ လုပ်ငန်းဈေးကွက်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ပြီး လက်တင်အမေရိက ဈေးကွက်တွင် တရုတ် မောင်းသူမဲ့ လေယာဉ် ဝင်ရောက်ခြင်း၌ အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

   Webradio