• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖွံ့ဖြိုးမှုအခွင့်ကောင်းကို အသုံးချပြီး တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး တွန်းအား ပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2017-06-27 08:57:52

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၆ ရက်နေ့က နိုင်ငံတော် ပြတိုက်၌ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နှစ် ၂၀ ပြည့် တိုးတက်အောင်မြင်မှု ပြပွဲကို ကြည့်ရှုခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဗဟိုအစိုးရနှင့် ပြည်မကြီး၏ အားပေး ထောက်ခံမှုဖြင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတွင် လုပ်ငန်းပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာပြီး တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး၏ အားကောင်းသော ရှင်သန်မှုကို ပေါ်လွင်လာခဲ့ကြောင်း၊ ယင်းစနစ်သည် သမိုင်းမှ ကျန်ရစ်ထားသော ဟောင်ကောင် ပြဿနာ ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းသာမကဘဲ အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်လာပြီး ဟောင်ကောင်၏ ရေရှည် စည်ပင်သာယာမှု ထိန်းသိမ်းရန် အကောင်းဆုံးသော စနစ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio