• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး၏ တရုတ်ခရီးစဉ်သည် နှစ်ဖက်ဆက်ဆံမှု တွန်းအားပေးမည်

(GMT+08:00) 2017-06-27 09:01:20

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ကာတာနိုသည် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ယခုလ ၂၈ ရက်နေ့မှ လာမည့်လ ၁ ရက်နေ့အထိ တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်မည်။

၂၆ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီး၌ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း လာစေနိုင်မည် ဖြစ်ပြီး နှစ်ဖက်အကြား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ရှေးရှုသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်ဟု တရုတ်ပြည်ဘက်က ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio