• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ကမ္ဘာစီးပွားရေးဖိုရမ်ဥက္ကဋ္ဌ ရှ်ဝါ့ဘ် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-06-27 12:09:35

        တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၆ ရက်နေ့က မွန်းလွဲပိုင်းက တာ့လျန်မြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌ ၂၀၁၇ခုနှစ် နွေရာသီ ဒါဗို့စ်ဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်၌ ခရီးလှည့်လည်နေသော ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ ရှ်ဝါ့ဘ်စသည့် ဧည့်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဝန်ကြီးချုပ် လီခေ့ချန်က ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် တရုတ်ပြည်အကြား ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပြီး ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်မှာ စတုတ္ထအကြိမ် စက်မှုလုပ်ငန်း တော်လှန်ရေးတွင် သက်ညှာထောက်ထားစွာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ ယင်းဆောင်ပုဒ်သည် လက်တွေ့ကျသော အဓိပ္ပါယ်ရှိကြောင်း ပြောကြားသည်။

   Webradio