• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးသည်၊ တရုတ်ပြည်သို့ တရားဝင်ခရီးလှည့်လည်မည်

(GMT+08:00) 2017-06-27 12:12:35

      တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ကာယယ်တာနိုသည်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ၊ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့် ရှိသူကိန်ရွှမ်က ၂၆ ရက်နေ့က ကျင်းပသည့် ပီကင်းပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ကာယယ်တာနို၏ ယခုအကြိမ်တရုတ်ခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်တို့သည်၊ ကာယယ်တာနိုနှင့် တွေ့ဆုံးမည်ဖြစ်ပြီး၊ ဝမ်ယိသည်၊ ကာယယ်တာနိုနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည်၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှု၊ တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် အတူတကွအာရုံစိုက်ကြသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio