• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ဘဏ်လုပ်ငန်း ရောနှောပေါင်းစပ်ခြင်းတွင် အင်ဒို၏ အခန်း သိသာ

(GMT+08:00) 2017-06-27 14:32:49

မကြာခင်က အင်ဒိုနီးရှား နိုင်ငံ ငွေကြေး ဝန်ဆောင်မှု ဌာနချုပ်နှင့် ဖိလစ်ပိုင် နိုင်ငံ ဗဟိုဘဏ်တို့သည် တစ်ဖက်၏ ငွေကြေးလုပ်ငန်းအချို့တွင် တစ်ဖက်က ဝင်ရောက်လုပ် ကိုင်ရန် အပြန်အလှန် ခွင့်ပြုခြင်းနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ချုပ်ဆိုရန် ဆွေးနွေးရေး ဖြစ်စဉ်ကို အရှိန်မြှင့် တွန်းအားပေးမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

အင်ဒိုနီးရှား နိုင်ငံ ငွေကြေး ဝန်ဆောင်မှု ဌာနချုပ် ဘဏ်လုပ်ငန်း ကွပ်ကဲရေး တာဝန်ခံ၊ ဒုဥက္ကဋ္ဌ Sukarela Batunanggarက ယင်းပူးပေါင်းဆောင်ရွက်ရေးသည် "အာဆီယံ ဘဏ်လုပ်ငန်း ရောနှောပေါင်းစပ်ရေး မူဘောင်" ဆိုင်ရာ ဆွေးနွေးပွဲ၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေး ပါဝင်သူများသည် "အာဆီယံ စံမီဘဏ်" အရည် အချင်း ရရှိသည့် စီးပွားဖြစ်ဘဏ်များ ဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် နယ်ပယ် အသီးသီးတွင် တူညီချက်များစွာ ရှိကြောင်း၊ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ၊ လူဦးရေ ဖွဲ့စည်းပုံ ပြောင်းလဲမှုနှင့် ပြည်တွင်း ငွေချေးခြင်း အချိုးအစား စသည်များတွင် နီးစပ်ကြောင်း၊ သို့သော် လက်ရှိအချိန်က နှစ်နိုင်ငံအကြား ဘဏ်ခွဲ အပြန်အလှန် ထားရှိခြင်း မရှိသေးသောကြောင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုရန် မျှော်လင့်ကြောင်း၊ နှစ်ဖက်၏ ဆွေးနွေးပွဲသည် အာဆီယံ အတွင်း ဘက်ပေါင်းစုံ ဆွေးနွေးပွဲ အတွက် ကောင်းမွန်သော အစပျိုးခြင်း ဖြစ်ရန်လည်း မျှော်လင့်ကြောင်း ပြောကြားသည်။၏

 အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ်လုပ်ငန်းများအကြား အပြန်အလှန် ညီညွတ် စေရေး နည်းလမ်းများ တိုးပွားစေရန် အတွက် လက်ရှိအချိန်တွင်အင်ဒိုနီးရှား သည် "အာဆီယံ ဘဏ်လုပ်ငန်း ရောနှောပေါင်း စပ်ရေး မူဘောင်"ကို တွန်းအားပေး နေကြောင်း၊ ၄င်းမူဘောင်၏ အမြုတေအချက်မှာ ငွေကြေးလုပ်ငန်း စံချိန်စံညွှန်း တပြေးညီ ဖြစ်စေရေး ဖြစ်ကြောင်း သိရသည်။

   Webradio