• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် နွေရာသီ ဒါဗို့စ်ဖိုရမ်တွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-06-28 09:51:41

၂၀၁၇ ခုနှစ် နွေရာသီ ဒါဗို့စ် ဖိုရမ်ကို ယခုလ ၂၇ ရက်နေ့က တရုတ်ပြည် တာ့လျန် မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

လီခေ့ချန်က၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် စတုတ္ထ အကြိမ် စက်မှု တော်လှန်ရေးတွင် သက်ညှာထောက်ထားမှုရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် သက်ညှာထောက်ထားမှု ရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ အကောင် အထည်ဖေါ်ဆောင်နေကြောင်း၊ အလုပ်အကိုင်နေရာချထားခြင်းသည် သက်ညှာ ထောက်ထားမှုရှိရှိဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အရင်းခံ ဖြစ်ပြီး မိမိတို့သည် အလုပ်အကိုင် နေရာချထားရေးကို အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့ပါသည်။

လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်ပြည် မြို့ပြ အလုပ်အကိုင်နေရာသစ် နှစ်စဉ် ၁၃ သန်းကျော် တိုးတက်လာပြီ ဖြစ်ပြီး မြို့ပြ အလုပ်လက်မဲ့နှုန်းကို ၅ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

လုပ်ငန်း ထူထောင်ခြင်း ဆန်းသစ်တီထွင်ရေးသည် ယခုနှစ်များတွင် တရုတ်ပြည် စီးပွါးရေး တိုးတက်မှု၏ ထူးခြားချက်ဝိသေသ တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ မကြာမီက ကမ္ဘာ့ မူပိုင်ခွင့်အဖွဲ့မှ ထုတ်ပြန်သော ၂၀၁၇ ခုနှစ် ကမ္ဘာ့ ဆန်းသစ်တီထွင်ရေး ကိန်းညွှန်း စာရင်းဇယားအရ တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်ရေး ကိန်းညွှန်းသည် ကမ္ဘာ့ ၂၂ နေရာသို့ တက်သွားပြီ ဖြစ်ကြောင်း သိရပါသည်။

   Webradio