• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင် စည်ပင်သာယာရေးသည် အရှေ့တောင်အာရှ ဖွံ့ဖြိုးရေးကို တွန်းအားပေး

(GMT+08:00) 2017-06-28 14:40:57

ဟောင်ကောင်သည် တရုတ်ပြည်၏ အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး အရှေ့တောင် အာရှနှင့် နယ်နိမိတ်ချင်း ဆက်စပ်သည်။ ၁၉၉၇ခုနှစ် ဇူလိုင်လ ၁ရက်နေ့က အမိရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် ပြည်မကြီးသည် ဟောင်ကောင်၏ စည်ပင် သာယာရေး အတွက် ခိုင်မာအားကောင်းစွာဖြင့် ကျားကန်ပေးခဲ့ကြောင်း၊ ဟောင်ကောင် သည် အရှေ့တောင်အာရှ နိုင်ငံများ အနေနှင့် ပိုမိုကျယ်ပြန့်သော ဈေးကွက်များ ဖွင့်လှစ်တိုးချဲ့ရန်နှင့် အခွင့်အလမ်းသစ်များ ရှာကြံရန် ပလက်ဖောင်းလည်း ဖြစ်လာကြောင်း ဆင်ဟွာ သတင်း ဌာနက ရေးသားဖော်ပြသည်။

ဟောင်ကောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ပေါင်းသင်းဆက်ဆံသည်မှာ အချိန်ကာလအားဖြင့် ကြာလွန်ခဲ့ပြီ ဖြစ်ကြောင်း၊ အမိရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် ဟောင်ကောင်နှင့် အရှေ့တောင် အာရှ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ သည် အဆက်မပြတ် တိုးပွားလာကြောင်း၊ ပြီးခဲ့သည့် ၁၀နှစ် အတွင်း နှစ်ဖက်တို့၏ ကုန်သွယ်မှု ပမာဏသည် ၇၂ရာခိုင်နှုန်း တိုးလာကြောင်း၊ ၂၀၁၆ခုနှစ် ဇွန်လ အထိ ဟောင်ကောင်တွင် အာဆီယံ ကုမ္ပဏီ ၅၄၇ခုရှိကြောင်း၊ ၄င်းကုမ္ပဏီများအနက် ၅၄ခုသည် ဟောင်ကောင်တွင် ဒေသတွင်း ဌာနချုပ် ထားရှိကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရမှ သက်ဆိုင်ရာ စာရင်းအရ သိရသည်။

အင်ဒိုနီးရှား တတ်သိပညာရှင်များအဖွဲ့ ဖြစ်သည့် အာရှ ဆန်းသစ်တီထွင်ရေး သုတေသန စင်တာ ဥက္ကဋ္ဌ ဘန်ဗန် စူရယိုနိုက အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများနှင့် ဟောင်ကောင်၏ ဆက်ဆံမှုသည် အလွန် နွေးထွေးကြောင်း၊ တရုတ်ပြည်နှင့် အရှေ့တောင် အာရှ ဒေသ အကြား စီးပွားကုန်သွယ်ရေး ဆက်ဆံမှု နွေးထွေးလာလေလေ၊ ဟောင်ကောင်၏ အဆင့်နေရာ ထူးခြားလာလေလေ ဖြစ်ကြောင်း၊ ဟောင်ကောင်သည် တရုတ် ပြည်မကြီးနှင့် အရှေ့တောင် အာရှ အကြား ပေါင်းကူးတံတားနှင့် အချက်အချာ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio