• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မလေးရှား၌ ကျင်းပ

(GMT+08:00) 2017-08-21 11:08:21

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၉ ရက်နေ့ညက ကွာလာလမ်ပူမြို့ ဗူကီဂျာလီလ်အမျိုးသားအားကစားကွင်းတွင် ကျင်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုအကြိမ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆောင်ဗုဒ်မှာ အတူတကွမြင့်တင်ကြ ဖြစ်ပြီး အရှေ့တောင်အာရှသည် အသိုက်အဝန်း အတူတကွဖွံ့ဖြိုးကြသော ခေတ်ကာလရောက်ပြီဟု အဓိပ္ပါယ်သက်ရောက်ကြောင်း၊ ယင်းသည် မလေးရှားနိုင်ငံ ဆဌမအကြိမ် အဖြစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဦးစီးကျင်းခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကို ယခုလ ၃၁ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ဘရူနိုင်း၊ မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အရှေ့တိမော၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ စင်ကာပူနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၄၇၀၀ ဦးပါဝင်ယှဉ်ပြိုင်ပြီး အားကစားအရပ် ၃၈ မျိုးတွင် ရွှေတံဆိပ် ၄၀၄ အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါသည်။

   Webradio