• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်ဝမ် ရှင်းတန်ပါတီ ရေလက်ကြား နှစ်ဖက်ကမ်း တစ်ပေါင်းတစ်စည်း ဖြစ်ရေး စွဲကိုင်ခြင်းကို တရုတ် ထိုင်ဝမ်ရေးရာရုံး ချီးကျူး

(GMT+08:00) 2017-08-22 09:37:24

တရုတ် ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ အန်ဖုန်ရှမ်က၊ ထိုင်ဝမ် ရှင်တန်ပါတီ တည်ထောင်ခဲ့သည့် ၂၄ နှစ်အတွင်း ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တလျှောက်လုံး ခံယူပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးကို စွဲကိုင်ကာ ထိုင်ဝမ် သီးခြားတည်ရှိရေးကို ကန့်ကွက်ကြောင်း၊ ယင်းအပေါ် မိမိတို့ မြင့်မားစွာ ချီးကျူးလိုပါကြောင်း ယခုလ ၂၁ ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှင်တန်ပါတီ တည်ထောင်ခဲ့သည့် ၂၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၂၀ ရက်နေ့က ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio