• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှု အတိုင်းအတာ လျော့နည်း

(GMT+08:00) 2017-08-22 10:01:40

တောင်ကိုးရီးယားနှင့် အမေရိကန်တို့သည် ယခုလ ၂၁ ရက်နေ့က UFG အမည် ဖြစ်သည့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို စတင် ပြုလုပ်ခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်နှင့် နှိုင်းစာ ကြည့်လျှင် ယခုနှစ်တွင် လေ့ကျင့်မှုတွင် ပါဝင်သော အမေရိကန် စစ်မှုထမ်း ဦးရေမှာ များစွာ လျော့နည်းလာကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တောင်ကိုးရီးယား မီဒီယာမှ သတင်းအရ၊ ၂၀၁၆ ခုနှစ်ကနှင့် နှိုင်းစာ ကြည့်လျှင် လေ့ကျင့်မှုတွင် ပါဝင်သော အမေရိကန် စစ်မှုထမ်း ဦးရေမှာ အရင်တုန်းက ၂ သောင်း ၅ ထောင် ရှိရာမှနေ၍ လက်ရှိ ၁ သောင်း ၇၅၀၀ အထိ လျော့နည်းလာကြောင်း သိရပါသည်။

မြောက်ကိုးရီးယား ရိုဒွန်ရှင်မွန်း သတင်းစာသည် ၂၀ ရက်နေ့က ဆောင်းပါး တစ်ပုဒ် ရေးသားထုတ်ပြန်ပြီး၊ တောင်ကိုးရီးယား-အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် ကိုးရီးယား ကျွန်းဆွယ် အခြေအနေ ပိုမို ဆိုးဝါး တင်းကျပ်စေသည်ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားကြောင်း သတင်းရရှိပါသည်။

   Webradio