|
||||||||
|
|||||||||||||
တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ ယခုလ ၂၁ ရက်နေ့က ပီကင်းတွင် ပါကစ္စတန်နိုင်ငံခြားရေးအတွင်းရေးမှူး Tehmina နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ယန်ကျယ်ချီက၊လက်ရှိနိုင်ငံတကာအခြေအနေတွင် တရုတ်နှင့် ပါကစ္စတန်တို့ အနေနှင့်၊ မဟာဗျူဟာကူးလူးဆက်ဆံမှုနက်ရှိုင်းစေခြင်းမှာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
Tehmina ကလည်း၊ ပါကစ္စတန်အနေနှင့်၊ တရုတ်၏ အမြုတေအကျိုးစီးပွားနှင့် စပ်လျဉ်းသော ကိစ္စရပ်များအပေါ် တရုတ်ပြည်အားမယိန်းမယိုင်ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။
|