• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အင်ဒိုနီးရှား ဒုဝန်ကြီးချုပ်အဆင့် ဆွေးနွေးပွဲ ဆဋ္ဌမအကြိမ်မြောက်အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-08-22 14:09:18

        တရုတ်-အင်ဒိုနီးရှား ဒုဝန်ကြီးချုပ်အဆင့် ဆွေးနွေးပွဲ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယခုလ ၂၁ ရက်နေ့က ပီကင်းမြို့၌ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီနှင့် အင်ဒီုနီးရှား နိုင်ငံရေး၊ ဥပဒေနှင့် လုံခြုံရေး စီမံခန့်ခွဲမှုဝန်ကြီး ဝီရန်တိုတို့သည် ယင်းအစည်းအဝေးကို ပူးတွဲဦးစည်းကျင်းပကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        နှစ်ဦးနှစ်ဖက်တို့သည် ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတ ဂျိုဂိုတို့ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုအရ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို ပိုမို နက်ရှိုင်းပြီး ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်အားပေးကြမည်ဟု ပြောကြားကြောင်း သတင်းအရ သိရပါသည်။

   Webradio