• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စန်းတုန်းပြည်နယ် ဝေးဟိုင်မြို့ ဖူထိုလမ်း မူလတန်းကျောင်းသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ခံယူချက် စွဲကိုင်

(GMT+08:00) 2017-08-22 14:12:39

    တရုတ်ပြည် စန်းတုန်းပြည်နယ် ဝေးဟိုင်မြို့ ဖူထိုလမ်း မူလတန်းကျောင်းသည် ၂၀၁၂ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး တစ်မြို့လုံးတွင် တစ်ခုတည်းသော "ပြည်လုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ပညာရေး စံနမူနာပြသမှုကျောင်း" တစ်ကျောင်း ဖြစ်ကြောင်း၊ ဖူထိုလမ်းမူလတန်းကျောင်း စတင် တည်ထောင်ခဲ့သည့် အချိန်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ၄င်းကျောင်း၏ ထူးခြားသည့် ပညာရေး ခံယူချက်နှင့် ယဉ်ကျေးမှု အဖြစ် တည်ဆောက်ထားကြောင်း၊ ဖူထိုလမ်း မူလတန်းကျောင်းသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို နေ့စဉ် သင်ကြားပေးမှုနှင့် သင်ရိုးများတွင် ထည့်သွင်းကြောင်း၊ ယင်းသည် တစ်ပြည်လုံးရှိ မူလတန်းကျောင်းများတွင် တွေ့ရခဲကြောင်း၊ ဖူထိုမူလတန်းကျောင်းမှ ကျောင်းသူကျောင်းသားများသည် အစဉ်တစိုက် အသုံးပြုနိုင်သော စက္ကူ၊ နေစွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အားပေးစခန်းနှင့် ပင်လယ်ရေမြှုပ် မြို့တော် ဟူသော ဗဟုသုတများစွာ သိရှိကြောင်း၊ ထို့အပြင်၊ ဖူထိုလမ်းမူလတန်းကျောင်း သည် ကျောင်းသူကျောင်းသားများ အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ လက်တွေ့ ဆောင်ရွက်လှုပ်ရှားမှုများကိုလည်း စီစဉ်ပေးကြောင်း၊ ကျောင်းသူကျောင်းသား များသည် နေ့စဉ် နေထိုင်မှုတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုကို အလေး ထားသည့်အပြင်၊ ၄င်းတို့၏ သူငယ်ချင်းနှင့် မိသားစုများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု ဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း စီအာအိုင်က ရေးသား ဖော်ပြသည်။

   Webradio