• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Middle Income Trapကို တရုတ် ကျော်လွှားရန် ရှေ့အလားအလာများစွာရှိ

(GMT+08:00) 2017-08-22 14:24:50

Middle Income Trapဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ဝင်ငွေ အသင့်အတင့် ရရှိနိုင်သည့် အဆင့်ကာလသို့ ဝင်ရောက်ခြင်း ဖြစ်ပြီး၊ တစ်နည်းအားဖြင့် ပြောရလျှင် လူတစ်ဦး ပျမ်းမျှ ဂျီဒီပီ ပမာဏမှာ အမေရိကန် ဒေါ်လာ ၃ထောင်ရှိလျှင် ဆင်းရဲ၊ချမ်းသာ လွန်စွာ ကွာဟခြင်း နှင့်သဘာဝ ပတ်ဝန်းကျင် ဆိုးရွားလာခြင်း စသည်များ ဖြစ်ပေါ် နိုင်ဖွယ်ရာရှိသည့် ဖြစ်ရပ် ဖြစ်သည်။

တစ်ကမ္ဘာလုံးကို ကြည့်လျှင် Middle Income Trapသည် အမြဲလိုလို ဖြစ်ပေါ် တတ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်သည် စီးပွားရေး အသင့်အတင့် လျန်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး အဆင့်တိုးမြှင့်ရန် အစွမ်းကုန် တွန်းအားပေးနေကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။  

နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်များက Middle Income Trapကို ကျော်လွှားရေး အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် စီးပွားရေးကို လုပ်အားအများအပြား လိုအပ်သည့် လုပ်ငန်းများဖြင့် တွန်းအားပေးသော အခြေအနေကို ကျော်လွှားပြီး ဆန်းသစ်တီထွင်မှု ပြုလုပ်ကာ အလုပ်တွင်ကျယ်မှု တိုးမြှင့်ပြီး စီးပွားရေး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒ ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀ခန့် အတွင်း တရုတ်ပြည်သည် စီးပွားရေး အောင်မြင်မှု များစွာ ရရှိခြင်း၊ ဗဟိုအစိုးရမှ ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲမှု၊  စီးပွားရေး တွန်းအားပေးမှုသစ်များ၊ စီးပွားရေး ဖွံ့ဖြိုးမှု ပုံစံ ပြောင်းလဲစေခြင်းနှင့် အဆင့်တိုးမြှင့်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရည် အသွေးနှင့်တွင်ကျယ်မှု တိုးမြှင့်ရေးမှ အကျိုးသက်ရောက်မှုများသည် တရုတ်ပြည် Middle Income Trapကို  ကျော်လွှားရန် အတွက် ကောင်းမွန်သော အခြေအနေ ဖန်တီး ပေးပြီး Middle Income Trapကို  ကျော်လွှားရန် ရှေ့အလားအလာ များစွာ ရှိကြောင်း ယူဆကြသည်ဟု ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

   Webradio