|
||||||||
|
|||||||||||||
ယခုလ ၁၂ရက်နေ့က ကြက်ကျန်းပြည်နယ် လီရွှေမြို့တွင် ဒုတိယအကြိမ်မြောက် တရုတ် ကျေးလက်ဒေသ အွန်လိုင်းကုန်သွယ်ရေး အစည်းအဝေး၌ တရုတ် ကျေးလက်ဒေသ အွန်လိုင်း ကုန်သွယ်ရေး တိုးတက်မှု အစီရင်ခံစာ(၂၀၁၆-၂၀၁၇)အား ထုတ်ပြခဲ့ပါသည်။ ၂၀၁၆ခုနှစ်တွင် တရုတ် ကျေးလက်ဒေသ အွန်လိုင်းကုန်သွယ်ရေး လက်လီ ရောင်းဝယ်မှု ပမာဏမှာ တရုတ်ယွမ်ငွေ ၈၉၄.၅၄ ဘီလီယံ ရှိကြောင်း၊ ကျေးလက်ဒေသ အွန်လိုင်း ဆိုင်များသည် အလုပ်အကိုင်နေရာ သန်း၂၀ ကျော် ဖန်တီးပေး ခဲ့ကြောင်း၊ ကျေးလက်ဒေသမှ အွန်လိုင်း ကုန်သွယ်ရေးသည် လူမှုရေးနှင့် စီးပွားရေး၌ တစ်နေ့ထက်တစ်နေ့ အရေးကြီးလာသော အခန်းဏ္ဍတွင် ပါဝင်သည်ဟု ၎င်းအစီရင်ခံစာ၌ ဖော်ပြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။
|