• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ နိုင်ငံခြားရေး အောင်မြင်မှုကို ဂျပန် ပုဂ္ဂိုလ် ချီးကျူး

(GMT+08:00) 2017-10-13 16:12:07

    ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ကျင်းပမည်။ ပြည်တွင်းပြည်ပ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ယခုအကြိမ် ညီလာခံ အပေါ် ကျယ်ပြန့်စွာ အာရုံစိုက်နေကြကြောင်း၊ မကြာခင်က တရုတ်-ဂျပန် ချစ်ကြည်ရေး ကူးလူးဖလှယ်မှု လုပ်ငန်း အချိန်ရှည်ကြာစွာ ဆောင်ရွက်နေ သည့် ဂျပန် နိုင်ငံသား စာအီအွန်ဂျီ ကာဇူတယ်ရူက ပီကင်းတွင် စီအာအိုင် သတင်း ထောက်နှင့် တွေ့ဆုံရာ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ကျင်းပခဲ့သည့် နောက်ပိုင်း၌ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ကို အမြုတေ ပြုထားသော တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်၏ နိုင်ငံခြားရေး လုပ်ငန်းတွင် ရရှိခဲ့သော အောင်မြင်မှုများကို လွန်စွာ ချိုးကျူးကြောင်း၊ တရုတ်-ဂျပန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အကောင်းဘက်မှ မြင်နေကြောင်းလည်း ပြောကြားသည်။

 

 

 

   Webradio