|
||||||||
|
|||||||||||||
၁၆ကြိမ်မြောက် တရုတ်-အာဆီယံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့ရာ တရုတ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး တိုက်တုန်ချမ်းနှင့် စင်ကာပူ အခြေခံအဆောက်အဦ စီမံခန့်ခွဲရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကော်ဘွန်ဝမ်တို့သည် ယင်းအစည်းအဝေးကို ပူးတွဲ ဦးစီးကျင်းပကာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးရုံးမှ ဒုအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းအစည်းအဝေးတွင် ဝန်ကြီးများအဆင့် ပူးတွဲ ကြေညာချက်ကိုလည်း စစ်ဆေး အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
|