• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NCA လက်မှတ်မရေးထိုးသေးသော လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား

(GMT+08:00) 2017-10-16 15:33:04

        ယခုလ ၁၅ ရက်နေ့က မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးရသေးသော လက်နက်ကိုင်အဖွဲ့များအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း နေပြည်တော်၌ ထပ်မံ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ရာ NCAသည် နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ပေးပြီး နိုင်ငံရေးဆွေးနွေးပွဲသည် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပတော့မည့် ၂၁ရာစု ပင်လုံညီလာခံအတွက် လမ်းခင်းပေးမည်ကြောင်း၊ ပင်လုံညီလာခံတွင် ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio