• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး စဝါရာ့ဂ်ျ တွေ့ဆုံ

(GMT+08:00) 2017-12-12 15:47:27

        ယခုလ ၁၁ ရက်နေ့က တရုတ်နိုငံခြားရေးဝန်ကြီး ဝမ်ယိသည် နယူးဒေလီမြို့၌ ကျင်းပနေသော ၁၅ ကြိမ်မြောက် တရုတ်-ရုရှား-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်စဉ်အတောအတွင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး စဝါရာ့ဂ်ျနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဝမ်ယိက ၂၀၁၇ခုနှစ်အတွင်း တရုတ်-အန္ဒိယဆက်ဆံမှုသည် ခြုံပြီးကြည့်လျှင် တိုးတက်လာပြီး နှစ်ဦးနှစ်ဖက်တို့က ယင်းတိုးတက်မှုအတွက် အကျိုးဆောင်ခဲ့သော်လည်း ကျေနပ်သည်ဟု မဆိုရသေးကြောင်း၊ အိန္ဒိယ နယ်ခြားစောင့်တပ် နယ်နိမိတ်မျဉ်းကြောင်း ဖြတ်ကျော်ခြင်းကို နိုင်ငံခြားရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု ရင့်ကျက်လာခြင်းကို ပြသကြောင်း၊ သို့သော် သင်ခန်းစာယူပြီး ထိုသို့ အရေးအခင်းများ ပြန်လည်မဖြစ်ပွားစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio