• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝန်ကြီးများ အစည်းအဝေးသည် နိုင်ငံစုံ ကုန်သွယ်မှု စနစ်ကို ထောက်ခံ

(GMT+08:00) 2017-12-13 10:13:40

တရုတ်၊ ကနေဒါ၊ သြစတြေးလျနှင့် တောင်ကိုးရီးယား အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံ ၄၄ နိုင်ငံတို့သည် ယခုလ ၁၁ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး နိုင်ငံစုံ ကုန်သွယ်မှု စနစ်ကို ထောက်ခံကြောင်း ထပ်တောင်း အတည်ပြု ဖေါ်ပြထားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကျုံးရှန်းက၊ ကမ္ဘာ့ အခြေအနေသစ်နှင့် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်လျက် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များနှင့် လက်တွဲပြီး စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

   Webradio