• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် စစ်ဝါဒီများ၏ ပြစ်မှုကျူးလွန်မှုများအကြောင်း စင်ကာပူ ပညာရှင် ပြောဆို

(GMT+08:00) 2017-12-13 10:19:06

ဒီဇင်ဘာလ ၁၃ ရက်နေ့သည် နန်ကင်းလူသတ်မှုကြီး အထိမ်းအမှတ်နေ့ ဖြစ်သည်။ တရုတ်ပြည်၌သာမက ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့သည် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း တရုတ် အနွယ်ဖွားများ အပါအဝင် ဒေသခံများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ စင်ကာပူ လူသတ်မှုကြီး၊ ဖိလစ်ပိုင် လူသတ်မှုကြီးနှင့် နန်ကင်း လူသတ်မှုကြီးသည် ဒုတိယ ကမ္ဘာစစ်ကြီး၌ ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့က အရပ်သူအရပ်သားများအား သတ်ဖြတ်မှုကြီး သုံးရပ် ဖြစ်သည်။

စင်ကာပူ သမိုင်းပညာရှင် ချင်ကျန်က၊ စင်ကာပူ သာမကဘဲ အရှေ့တောင်အာရှ တစ်ခုလုံး၌ ဂျပန်တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုကျူးလွန်မှုကို ဂျပန် အစိုးရက ဝန်မခံဘဲ ယင်းသို့သော သတ်ဖြတ်မှုသည် စစ်ဆောင်ရွက်မှုတစ်မျိုး ဖြည်သည်ကိုသာ ဝန်ခံကြောင်း ပြောကြားပါသည်။

   Webradio