• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျေရိုဆလင်ပြဿနာကို ဆွေးနွေးရေးဖြင့် ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံအသီးသီးတို့တွန်းအားပေး

(GMT+08:00) 2017-12-13 10:25:57

ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော် အဖြစ် အသိအမှတ်ပြုခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုလ ၆ရက်နေ့က ကြေညာခဲ့ပြီး အစ္စရေးဆိုင်ရာ အမေရိကန် သံရုံးကို Tel Aviv-Yafoမြို့မှ ဂျေရိုဆလင်မြို့သို့ရွှေ့ပြောင်းရေးကိစ္စကိုလည်း စတင်ခဲ့ပါသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်၊ ရုရှား၊ အီဂျစ်နှင့် တူရကီနိုင်ငံတို့က  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ပြီး ပါလက်စတိုင်းနှင့် အစ္စရေးတို့သည် ဆွေးနွေးရေးနည်းလမ်းဖြင့် ဂျေရိုဆလင်မြို့၏ အဆင့်နေရာပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်တိုက်တွန်းသည်ဟု အသီးသီးဖော်ပြကြကြောင်း သတင်းရရှိပါသည်။

 

   Webradio