• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နန်ကင်းလူသတ်မှုကြီး သေဆုံးသူများ ပူဇော်ပွဲ ပြုလုပ်

(GMT+08:00) 2017-12-13 11:01:49

နန်ကင်း လူသတ်မှုကြီးတွင် သေဆုံးသူများ ပူဇော်ပွဲ အခမ်းအနားကို ယခုလ ၁၃ ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည် နန်ကင်းမြို့၌ တည်ကြည်လေးနက်စွာ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ်သည် နန်ကင်း လူသတ်မှုကြီး ဖြစ်ပွါးခဲ့သည့် နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့သည် နန်ကင်း၌ ရက် ၄၀ ကျော်သတ် လူသတ်ဖြတ်မှု ပြုလုပ်ခဲ့ရာ တရုတ် အရပ်သူအရပ်သားများနှင့် စစ်သုံ့ပန်း ၃ သိန်းခန့်သည် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါသည်။

   Webradio