• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကျင်းပ

(GMT+08:00) 2017-12-13 12:31:40

        ၂၀၁၇ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို ယခုလ ၁၂ ရက်နေ့က နေပြည်တော်၌ စတင် ကျင်းပခဲ့ရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြန်မာ ကျောက်မျက်ရတနာအသင်းမှ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခြင်းဖြစ်ပြီး ယခုအကြိမ် ပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ နိုင်ငံခြား ကျောက်မျက်ရတနာ ကုန်သည် ၂၈၀၀ ခန့်နှင့် မြန်မာ ကျောက်မျက်ရတနာ ကုန်သည် ၁၂၀၀ကျော်တို့သည် ယင်းပြပွဲတို့ တက်ရောက်ကြကြောင်း၊ နိုင်ငံခြား ကျောက်မျက်ရတနာ ကုန်သည်များထဲတွင် များသောအားဖြင့် တရုတ်ကုန်သည်များပင်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio