• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြင်သစ်နိုင်ငံ၌ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး ကျင်းပ

(GMT+08:00) 2017-12-13 12:32:34

        ယခုလ ၁၂ ရက်နေ့က ပါရီသဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၂ နှစ်မြောက်နှစ် အခါသမယတွင် ပြင်သစ်နိုင်ငံ၌ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ထပ်လောင်း ကျင်းပခဲ့ကြောင်း၊ ပြင်သစ်သမ္မတ မက္ကရုန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတာရက်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျီမ်ယုန်ကီမ်တို့သည် ယခုအကြိမ် One Planet Summit ကို ဦးစီးကျင်းပပြီး နိုင်ငံ ၅၀ ကျော်မှ ခေါင်းဆောင်များသည် ပါရစ်မြို့၌ အစည်းအဝေးသို့ တက်ရောက်ကာ ရာသီဥတုအတွက် ရင်းနှီးငွေစုစည်းရန် အသေးစိတ် ဖြေရှင်းရေးနည်းလမ်း ရှာကြံကြမည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းက အတည်ပြုခဲ့သော ပါရီသဘောတူစာချုပ်သည် ၁၉၉၇ခုနှစ် ချုပ်ဆိုခဲ့သည့် ဂျိုတို အခြေပြစာချုပ်ပြီးနောက် ရာသီဥတု ပြုပြင်မှုဆိုင်ရာ နောက်ထပ် အနှစ်သာရကျ စာတမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းစာချုပ်သည် ၂၀၂၀ပြည့်နှစ်နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရေးနှင့်ပတ်သက်ပြီး အစီအစဉ်ချမှတ်ကာ low-carbon ဖွံ့ဖြိုးမှုသို့ ပြောင်းလဲရန် ရှင်းလင်းစွာ အချက်ပြကြောင်း သတင်းအရ သိရပါသည်။

   Webradio