• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားသမ္မတနှင့် တူရကီသမ္မတတို့ ဖုန်းဆက်

(GMT+08:00) 2018-02-21 14:55:09

ရုရှားနိုင်ငံ သမ္မတ ပူတင်သည်၊ ယခုလ ၁၉ ရက်နေ့ညက တူရကီနိုင်ငံ သမ္မတ အယ်ဒိုအန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ၊ ဆီးရီးယားပြဿနာနှင့် စပ်လျဉ်း၍ အဓိက ဆွေးနွေးခဲ့ကြကြောင်းဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ခေါင်ဆောင်နှစ်ဦးတို့သည်၊ ဆီးရီးယားအနောက်မြောက်ပိုင်းအခြေအနေ၊ အထူး သဖြင့် ဆီးရီးယားမြောက်ပိုင်း အဖရင် ဒေသတွင် တူရကီတပ်ဖွဲ့၏ စစ်ရေးဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio