• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်နှင့် အကြမ်းဖက်တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00) 2018-02-21 14:56:25

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်က ရုရှားအနေနှင့် ပါကစ္စတန်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး၊ အလယ်အာရှဒေသ၌ ကျန်ရစ်သည့် အစွန်းရောက် အိုင်အက်စ်အဖွဲ့ အင်အားကို ထိုးစစ်ဆင်တိုက်ဖျက်သွားလို ကြောင်း ယခုလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

လာဗ်ရော့ဗ်က ပြီးခဲ့သည့် ၂၀၁၇ခုနှစ်က ပါကစ္စတန်သည်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည့်နောက်ပိုင်းတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ လုပ်ငန်းများတွင်  တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio