• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဆင့်မြင့် ဖိုရမ်ကို ဟောင်ကောင် ကျင်းပ

(GMT+08:00) 2018-04-22 12:21:36

ယခုလ ၂၁ရက်နေ့က ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဆင့်မြင့် ဖိုရမ်နှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အခြေခံ ဥပဒေ ထုတ်ပြန်ကျင့်သုံးခဲ့သည့် ၂၈နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဗဟိုအစိုးရနှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေး ဒေသ အစိုးရမှ အရာရှိများ၊ တရားဥပဒေ ပညာရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် လူငယ် ကိုယ်စားလှယ်များ အပါအဝင် ပုဂ္ဂိုလ် ၁၀၀၀ကျော်တို့သည် ၄င်းဖိုရမ်သို့ တက်ရောက်ရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် "တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး" မူဝါဒ အကြားရှိ နွေးထွေးသော ဆက်စပ်မှုနှင့် ပတ်သက်၍ လေ့လာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

   Webradio