• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Scary Mother ရုပ်ရှင်ကား ထျန်ထန်ဆု အကောင်းဆုံး ရုပ်ရှင်ကားဆု ရရှိ

(GMT+08:00) 2018-04-23 09:19:47

သီတင်းပတ် တစ်ပတ်ကြာ ကျင်းပသော အဌမ အကြိမ်မြောက် ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ပိတ်ပွဲ အခမ်းအနားကို ယခုလ ၂၂ ရက်နေ့က ကျင်းပခဲ့ရာ ပိတ်ပွဲ အခမ်းအနားတွင် အများတကာ အာရုံစူးစိုက်ကြသော ရုပ်ရှင်ကား ထျန်ထန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ဂျော်ဂျီယာနှင့် အက်စတိုးနီးယားတို့ ပူးပေါင်း ရိုက်ကူးသော Scary Mother ရုပ်ရှင်ကားသည် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့၍ တရုတ် ပင်လယ်နီ ကယ်ဆယ်ရေး ဆောင်ရွက်မှု ရုပ်ရှင်ကားသည် အထူးမြင်ကွင်းဆုကို ရရှိခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံနှင့်ဒေသ ၇၁ ခုမှ ရုပ်ရှင်ကား ၆၅၉ ကားသည် ထျန်ထန်ဆု အတွက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။

Scary Mother ရုပ်ရှင်ကားတွင် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးက အိမ်ထောင်ရေးနှင့် စာပေ ရေးသားပြုစုရေးဆိုင်ရာ ဇာတ်ဝင်ခန်းများကို သရုပ်ဖေါ်ပြထားကြောင်း သိရပါသည်။

   Webradio