• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ် တည်ဆောက်ရေး ဒစ်ဂျစ်တယ် ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-04-23 09:24:33

ပထမ အကြိမ် တရုတ် တည်ဆောက်ရေး ဒစ်ဂျစ်တယ် ထိပ်သီး အစည်းအဝေးကို ယခုလ ၂၂ ရက်နေ့က တရုတ်ပြည် ဖူကျို မြို့၌ စတင် ကျင်းပခဲ့ကြောင်း၊ ဒစ်ဂျစ်တယ် စီးပွါးရေး နယ်ပယ်မှ လုပ်ငန်းရှင်ကြီးများသည် ယခု အကြိမ် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြကြောင်း၊ ထိပ်သီး အစည်းအဝေးတွင် နောက်ဆုံးရ လုပ်ငန်းနယ်ပယ်မှ မူဝါဒသစ်များ၊ နည်းပညာသစ်များကိုလည်း ထုတ်ပြန် ပြသမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် သတင်းအချက်အလက် နည်းပညာဖြင့် ခေတ်မီရေးကို တွန်းအားပေးပြီး တရုတ်ပြည် ဒစ်ဂျစ်တယ် လုပ်ငန်းကို လျင်မြန်စွာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အစည်းအဝေး၏ ပင်မဖိုရမ်မှ ထုတ်ပြန်သော ၂၀၁၇ ခုနှစ် တရုတ်ပြည် ဒစ်ဂျစ်တယ် လုပ်ငန်း ထူထောင်မှု ဖွံ့ဖြိုးရေး အစီရင်ခံစာတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ်ပြည်၏ သတင်းအချက်အလက် နည်းပညာသည် နယ်ပယ်များစွာ၌ သမိုင်းဝင် တိုးတက်အောင်မြင်မှုများကို ရရှိပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio